back

ဒဏ်ရာရနေတဲ့ လီဗာပူးလ်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် မာတင်နယ်လီ ဝေဖန်ပြစ်တင်ခံခဲ့ရ

Jan 09 • 2:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာရနေတဲ့ လီဗာပူးလ်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် မာတင်နယ်လီ ဝေဖန်ပြစ်တင်ခံခဲ့ရ

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ပြိုင်ဘက်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ...

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ပြိုင်ဘက်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ပွဲပြီးခါနီးအချိန်ပိုမှာ ဘရက်ဒလေက ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းဘေးစည်းနား လှဲချခဲ့ချိန်မှာ မာတင်နယ်လီက ပွဲအမြန်ပြန်စနိုင်ဖို့အတွက် ကွင်းဘေးကို တွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် လီဗာပူးလ်ကစားသမားတွေရဲ့ တွန်းထိုးကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ဘောလုံးသုံးသပ်သူအများစုကလည်း ပွဲအပြီးမှာ မာတင်နယ်လီရဲ့ အပြုအမူကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။အာဆင်နယ်နည်းပြ အာတေတာနဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့တို့ကတော့ မာတင်နယ်လီဟာ ဘရက်ဒလေ တကယ်ဒဏ်ရာမရဘဲ အချိန်ဆွဲတယ်လို့ ယူဆတာကြောင့်သာ အခုလို ပြုမူခဲ့ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ကြပါတယ်။

news-view-count-icon

25