ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ အထွေထွေ ကျပ်တည်းမှု ပိုမိုရင်ဆိုင်နေကြရသည်ဟု သိရသည်။ဟားခါးမြို့က အမျိုးသမီးတဦးက “လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံရေးတွေကြောင့် ကုန်ဈေးနှုန်းက အရမ်းတက်တယ်။ အခြေခံလူတန်းစားတွေအတွက်က အများကြီးအခက်အခဲဖြစ်တယ်။ အလုပ်အကိုင်ကလည်းရှား၊ ကုန်ဈေးနှုန်းကလည်း တက်ဆိုတော့ မလွယ်ဘူး။ ကြက်ဥဆိုရင်လည်း သုံးလုံး နှစ်ထောင်လေ ကြက်ဥတောင် အရင်လိုစားနိုင်ဖို့မလွယ်တော့ ဘူး။ ဆန်နဲ့ ကြက်ဥ ဈေးနှုန်းက ရွာဖက်ရော ဟားခါး မြို့ပေါ်မှာရော အတူတူပဲ။” ဟု ပြောသည်။ဂန့်ဂေါ- ဟားခါး ကားလမ်းပိုင်းနှင့် ကလေးမြို့မှ ကွင်းလမ်းဖြင့် ဟားခါးမြို့သို့ ကုန်းတင်ကားတချို့ ဝင်ရောက်မှုရှိ သော်လည်း လမ်းပန်း ဆက်သွယ်ရေးအခက်ခဲကြောင့် လမ်ခရီးကြန့်ကြာခြင်း၊ တန်ဆာခများ မြင့်တက်လာခြင်းကြောင့် ဆန်အပါအဝင် အခြေခံစားကုန်၊ အိမ်သုံးကုန် ပစ္စည်းများ ဈေးမြင့်တက် နေခြင်းဖြစ်သည်။
Jan 09 • 2:39 AM
မြန်မာ
ချင်း
မျှဝေမည်
| 82 | 0 | 0 | 0 |


