back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ နှစ်ဦးအထူး ညတရားပွဲကျင်းပ

Jan 09 • 2:38 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ နှစ်ဦးအထူး ညတရားပွဲကျင်းပ

‎ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် နှစ်ဦး အထူးညတရားပွဲကို ဇန်နဝါရီ ၈ ရက်၊ ည‎၇ နာရီက မြို့ကျက်သရေဆောင် ရ...

‎ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် နှစ်ဦး အထူးညတရားပွဲကို ဇန်နဝါရီ ၈ ရက်၊ ည

‎၇ နာရီက မြို့ကျက်သရေဆောင် ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ကျင်းပသည်။‎ရှေးဦးစွာ တရားပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သံလျင်မင်းကျောင်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။‎ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက "သီလသည်သာ အားကိုးရာ" တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးဟောကြားတော်မူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနာစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အထူး ညတရားပွဲ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

82