မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယမန်နေ့ ၀၅နာရီ ၁၄ မိနစ်အချိန်ခန့်တွင် NISSAN DIESEL (အဖြူရောင်) ဆီဘောက်ဆာယာဉ်သည် လမ်းဘေးတွင် ရပ်ထားသော HINO အမျိုးအစား(၁၂)ဘီးယာဉ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရမည်းသင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဆီဘောက်ဆာယာဉ်မှ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်မောင်းနှင်သူ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ရွှေဒါးလူမှုကူညီရေးယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



