မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့စားသောက်ကုန်တင်ပို့ရန်၊ GACC တွင်မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီ/စက်ရုံပေါင်း(၁၈၀၀)ကျော်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ၊ လေးနှစ်ကျော်ကာလအတွင်း၊ သက်ဆိုင်ရာမြန်မာအာဏာပိုင်အဖွဲ့အစည်းများမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့်ကုမ္ပဏီ/စက်ရုံပေါင်း(၁,၈၄၇)ခုရှိကြောင်း၊ ၎င်းအဖွဲ့၏ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC ရုံးလုပ်ငန်းအဖွဲဲ့ထုတ်ပြန်ချက်စာ ရင်းများက ဆိုသည်။စာရင်းများအရ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံပေါင်း(၁,၆၇၁)ခု၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ ပေါင်း(၁၅၃)ခု၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံပေါင်း(၁၄)ခု၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ(၉)ခု၊ စုစုပေါင်း(၁,၈၄၇)ခုဖြစ်ပြီး၊ မှတ်ပုံတင်လျှောက်ထားသည့်စောင်ရေအားဖြင့် (၃,၈၃၇)စောင်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့၊ စားသောက်ကုန်တင်ပို့မည့်ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် တရုတ် GACC တွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိခြင်းဖြစ်သည်။GACC-The General Administration of Customs of the People’s Republic of China (တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့)အနေဖြင့်၊ စိုက်ပျိုးရေးစားသောက်ကု န်အုပ်စုများအတွက် မှတ်ပုံတင်ခြင်းကို၊ ကုမ္ပဏီ/လုပ်ငန်းများမှ ကိုယ်တိုင်လျှောက်ထားခွင့်မပြုထားဘဲ၊သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြင့်သာ ခွင့်ပြုထားသည်။



