ဂရန်းတိုးပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၂ ကြိမ်ရယူထားခဲ့ဖူးတဲ့ ဗြိတိန်စက်ဘီးစီးသမား ဆိုင်မွန်ယိတ်စ်ဟာ အားကစားသမားဘဝက အနားယူလိုက်ပြီလို့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆိုင်မွန်ယိတ်စ်ဟာ ၂၀၂၅ ခုနှစ် ဂီရိုဒီအီတာလီယာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၇ လ အကြာမှာပဲ ကစားသမားဘဝက အနားယူသွားတာဖြစ်ပါတယ်။ ဗစ်စမာအသင်းသား ဆိုင်မွန်ယိတ်စ်ဟာ ပြီးခဲ့တဲ့နှစ်ဇူလိုင်လက တိုးဒီဖရန့်ပြိုင်ပွဲ အဆင့် ၃ မှာ အနိုင်ရထားခဲ့သေး တာဖြစ်ပါတယ်။ ယိတ်စ်ဟာ ကစားသမားဘဝ ပထမဆုံး ဂရန်းတိုးပြိုင်ပွဲအနိုင်ရမှုအဖြစ် ၂၀၁၉ ခုနှစ်က စပိန်တိုး ပြိုင်ပွဲမှာ အနိုင်ရထားခဲ့ ဖူးပြီး ၂၀၂၅ ခုနှစ်မှာ ဗစ်စမာအသင်းနဲ့ ၂ နှစ်စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် အံ့အားသင့်စရာ ဆုံးဖြတ်ချက်ဖြစ်နိုင်ပေမယ့် ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ဆုံးဖြတ် ပြီးချခဲ့တာ မဟုတ်သလို အခုချိန်က အနားယူဖို့အတွက်သင့်တော်တဲ့အချိန်ဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဆိုင်မွန်ယိတ်စ်က ရေးထားပါတယ်။



