back

ပဲခူးတိုင်းဒေသကြီး၊ပြည်ရေနံမြေမှ စမ်းသပ်ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်သို့ ပို့လွှတ်မည်

Jan 08 • 8:06 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ပြည်ရေနံမြေမှ စမ်းသပ်ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်သို့ ပို့လွှတ်မည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရေနံမြေကနေ စမ်းသပ်ထုတ်လုပ်မှုမှ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းကတစ်ဆင့် ရန်ကုန်မြို့ကို ပို့လွှတ်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ...

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရေနံမြေကနေ စမ်းသပ်ထုတ်လုပ်မှုမှ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းကတစ်ဆင့် ရန်ကုန်မြို့ကို ပို့လွှတ်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။တွင်းအမှတ် ၄၈ ရဲ့ သဲကြောတွေကို ဆန်းစစ်ပြီး သုတေသနပြုလုပ်ကာ သဘာဝဓာတ်ငွေ့တွေ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးက ဇန်နဝါရီ ၆ ရက်နေ့ ခရီးစဉ်မှာ ပြောပါတယ်။လက်ရှိမှာ သဲကြောတွေကို သုတေသနပြု ဆန်းစစ်ပြီး ဖောက်ယူရာမှာ ထွက်ရှိလာတဲ့ သဘာဝဓာတ်ငွေ့တွေကို ရန်ကုန်ကို ပို့လွှတ်တဲ့ ပိုက်လိုင်းအတွင်း ဖြည့်သွင်းပေးနေတယ်လို့ ဆိုပါတယ်။သဘာဝဓာတ်ငွေ့တွေ တိုးတက်ထုတ်လုပ်လာနိုင်မယ်ဆိုရင် ပြည်၊ ရွှေတောင်ဒေသမှာရှိတဲ့ စက်ရုံတွေထံ သဘာဝဓာတ်ငွေ့တွေ သီးသန့်ပို့လွှတ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက် (၁၀) ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ခွဲဝေခံစားသည့်စာချုပ်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါတယ်။လက်ရှိ ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်း တည်ရှိတဲ့ ပြည်၊ မြန်အောင်နဲ့ ရွှေပြည်သာ ရေနံမြေတွေမှာ အထွက်တိုးရေး လုပ်ငန်းတွေကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကာ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

news-view-count-icon

57