back

ရှမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး အောင်ကျော်နိုင်ကို အောင်မြင်စွာ ခေါ်ယူစာချုပ်ဆိုနိုင်ခဲ့

Jan 08 • 5:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရှမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး အောင်ကျော်နိုင်ကို အောင်မြင်စွာ ခေါ်ယူစာချုပ်ဆိုနိုင်ခဲ့

ရှမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး အောင်ကျော်နိုင်ကို အောင်မြင်စွာ ခေါ်ယူစာချုပ်ဆိုနိုင်ခဲ့ပြီ ဖြ...

ရှမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး အောင်ကျော်နိုင်ကို အောင်မြင်စွာ ခေါ်ယူစာချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။အောင်ကျော်နိုင်ဟာ မြန်မာနေရှင်နယ်လိဂ်ရဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယုနိုက်တက်၊ ဒဂုံစတားယူနိုက်တက် စတဲ့ အသင်းကြီးတွေမှာ ကျင်လည်ခဲ့သူဖြစ်သလို မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေက ရှမ်းယူနိုက်တက်ရဲ့ ချန်ပီယံလမ်းကြောင်းအတွက် အားတက်စရာ ဖြစ်လာမှာပါ။ လိဂ်ပြိုင်ပွဲအတွင်း အရေးပါတဲ့ဂိုးတွေကို သွင်းယူပေးလေ့ရှိတဲ့အပြင် တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ သူ့ရဲ့ဖြတ်လတ်မှုနဲ့ ဂိုးသွင်းဗီဇတွေက အခုဆိုရင် ရှမ်းယူနိုက်တက်ရဲ့ တိုက်စစ်အင်အားကို ပိုမိုတောင့်တင်းသွားစေမှာ အမှန်ပါပဲ။ ရှမ်းယူနိုက်တက်ကို ရောက်ရှိလာမှုအပေါ် အောင်ကျော်နိုင်က “ မိုင်ဆုန်င်ခ။ ရှမ်းယူနိုက်တက် ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ရှမ်းယူနိုက်တက်ကိုရောက်လာရတဲ့အတွက် တကယ်ကို ကျေနပ်ပျော်ရွှင်မိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်ကို ဒီအသင်းနဲ့ပူးပေါင်းခွင့်ရအောင် ခေါ်ယူပေးခဲ့ပြီး အသင်းသို့ရောက်ရှိလာချိန်မှာ မိသားစုဆန်စွာ နွေးထွေးမှုပေးတဲ့ အသင်းဥက္ကဌ၊ အသင်း CEO နှင့်တကွ အသင်းတာဝန်ရှိသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ဒီအသင်းမှာရှိနေတဲ့ ကစားသမားအားလုံးနဲ့ ရင်းနီးပြီးသားတွေဆိုတော့ အမြန်ဆုံးအသားကျမယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် ဆက်လက်ပြီးရယူသွားမယ့် ရှမ်းယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ အားလုံးနဲ့ပူးပေါင်းပြီး အစွမ်းရှိသလောက် ကြိုးစားပေးဆပ်သွားမှာပါ။ နောက်ဆုံးအနေနဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေတိုင်းကို ကွင်းလုံးပြည့်လာရောက်အားပေးတတ်ကြတဲ့ ရှမ်းယူနိုက်တက်ပရိတ်သတ်တွေနဲ့အတူ ဆက်လက်ပြီး အောင်မြင်မှုတွေအတူရယူချင်ပါတယ်။ “ လို့ ဆိုပါတယ်။



news-view-count-icon

41