back

ပြည်တွင်း‌၌ မုန်တိုင်းငယ်အားလျော့နိုင်ကာစစ်ကိုင်း၊ကချင်တို့၌ ညအပူချိန်ကျဆင်းပြီးအေးမည်

Jan 08 • 5:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း‌၌ မုန်တိုင်းငယ်အားလျော့နိုင်ကာစစ်ကိုင်း၊ကချင်တို့၌ ညအပူချိန်ကျဆင်းပြီးအေးမည်

ဘင်္ဂလားအော်ပင်လယ်‌အော်မှာ ဖြစ်ပွားခဲ့တဲ့မုန်တိုင်းငယ်ဟာကိုကိုးကျွန်းမြို့နားအနီး ပင်လယ်ပြင်မှာဗဟိုပြုနေပေမယ့် မကြာမီအားလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအ...

ဘင်္ဂလားအော်ပင်လယ်‌အော်မှာ ဖြစ်ပွားခဲ့တဲ့မုန်တိုင်းငယ်ဟာကိုကိုးကျွန်းမြို့နားအနီး ပင်လယ်ပြင်မှာဗဟိုပြုနေပေမယ့် မကြာမီအားလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ သိရပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင် ပြည်နယ်တို့မှာ ညအပူချိန်တွေအနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။အိန္ဒိသမုဒ္ဒရာတောင်ပိုင်းမှာဖြစ်‌ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဇန်နဝါရီ ၉/၁၀ ရက်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

အဲဒီမုန်တိုင်းက မြန်မာနိုင်ငံကိုသက်ရောက်မှုရှိနိုင်မှာမဟုတ်ဘဲ ကမ်းရိုးတန်းဒေသများမှာ လှိုင်းအမြင့်ဆုံး ၂.၅ ပေ မှ ၃ ပေခန့်ရှိနိုင်ပြီး အရှေ့ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိရှိနိုင်တယ်လို့ သိရပါတယ်။

news-view-count-icon

44