back

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက တရုတ်-အာဖရိက ပြည်သူချင်းဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်

Jan 08 • 4:47 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက တရုတ်-အာဖရိက ပြည်သူချင်းဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အီသီယိုးပီးယား၊ ဆိုမာလီ၊ တန်ဇန်းနီးယားနှင့် လီဆိုသို စသည့်နိုင်ငံများသို့ ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အီသီယိုးပီးယား၊ ဆိုမာလီ၊ တန်ဇန်းနီးယားနှင့် လီဆိုသို စသည့်နိုင်ငံများသို့ ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်သည် အာဖရိကသမဂ္ဂ (AU) ရုံးချုပ်၌ ကျင်းပမည့် တရုတ်-အာဖရိက ပြည်သူချင်းဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ယင်းခရီးစဉ်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်နေရာအဖြစ် အာဖရိကသို့ ၃၆ နှစ်ဆက်တိုက် သွားရောက်သည့် ခရီးစဉ်ဖြစ်မည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

16