back

ပြည်တွင်း ငါးရံ့ခြောက်တစ်ပိဿာ ၂သိန်းကျော်အထိ ဈေးတန်းရှိနေ

Jan 08 • 4:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ငါးရံ့ခြောက်တစ်ပိဿာ ၂သိန်းကျော်အထိ ဈေးတန်းရှိနေ

ပြည်တွင်း ငါးခြောက်စျေးကွက်မှာ ငါးရံ့ခြောက်က စျေးတန်းအမြင့်ဆုံးနဲ့ တစ်ပိဿာ ၂၀၀,၀၀၀ ကျပ် အထက်ထိ စျေးနှုန်းရှိနေတယ်လို့ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီကနေ ...

ပြည်တွင်း ငါးခြောက်စျေးကွက်မှာ ငါးရံ့ခြောက်က စျေးတန်းအမြင့်ဆုံးနဲ့ တစ်ပိဿာ ၂၀၀,၀၀၀ ကျပ် အထက်ထိ စျေးနှုန်းရှိနေတယ်လို့ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။" ငါးရံကို အရိုးမထုတ် အရေခွံမခွာဘဲ ကျောခွဲလှမ်းထားတဲ့ အကောင်လိုက်က ပိုရောင်းရတယ်။ အသားသီးသန့်လည်း ဝယ်သူတော့ ရှိပါတယ်။ ငါးရံ့ကနေ လှမ်းလိုက်ရင် အလေးချိန် လျော့တယ်လေ။ အဲဒါကြောင့် ငါးရံ့ခြောက်စျေးက မြင့်နေတာ။ ငါးရံ့အရှင်ဆို တစ်ပိဿာမှ ၁၅,၀၀၀ ပဲရှိတာ" လို့ ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကိုမြင့်ကပြောပါတယ်။ငါးရံ့ခြောက်စျေးနှုန်းမှာနေရာဒေသအပေါ်လိုက်ပြီး စျေးနှုန်းလည်း ကွာခြားမှုရှိနေပြီး ငါးရံ့ခြောက်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးမှအဓိကထွက်ရှိတာဖြစ်ပါတယ်။ယခုနှစ်မှာ ငါးခြောက်အထွက်နှုန်း လျော့ကျမှုရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သယ်ယူ ပို့ဆောင်စရိတ်တွေ မြင့်တက်လာတဲ့ အတွက်လည်း ငါးခြောက် အမျိုးအစားအလိုက် စျေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

news-view-count-icon

51