မကြာသေးမီရက်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” အား ယခုနှစ်အတွင်း ပြင်ဆင်ရန် ရည်မှန်းထားကြောင်း ဆိုခဲ့သည်ဟု သတင်းများအရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မော်နင်က ယင်းမှာ ဂျပန်နိုင်ငံ၏ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” အန္တရာယ်ရှိသော အရွေ့ကို ထင်ဟပ်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေ အထူးသတိထားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးချစ်မြတ်နိုးသော နိုင်ငံ၊ ပြည်သူများနှင့်အတူ ဂျပန်လက်ယာယိမ်းအင်အားစု၏ သမိုင်းနောက်ကြောင်းပြန်လှည့်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်သလို စစ်ဝါဒ ပြန်လည်ဦးမော့လာခြင်းကိုလည်း လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။


