ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ ဘုရင်အဗ္ဗဒူလာ အားကစားမြို့တော် အားကစားကွင်းတွင် ဇန်နဝါရီ ၇ ရက်၌ ဘာစီလိုနာအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြင့် စပိန်စူပါဖလားပြိုင်ပွဲကို ဖွင့်လှစ်မည်ဖြစ်ကာ လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်မည်ဟု ရေပန်းစားလျက်ရှိသည်။ဘာစီလိုနာအနေဖြင့် ယမန်နှစ်ရာသီတွင် အဆင့်-၄ ဖြင့် အဆုံးသတ်နိုင်ခဲ့သော်လည်း ယခုရာသီတွင် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ဘီဘာအိုထက် ခြေစွမ်းသာလွန်ကောင်းမွန်သည့် အသင်းအဖြစ် ပြိုင်ပွဲဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဘာစီလိုနာက ဘီဘာအိုကို အိမ်ကွင်း၌ ၄ ဂိုးပြတ် အနိုင်ရရှိထားသလို ဇန်နဝါရီ ၁၁ ရက် ဗိုလ်လုပွဲသို့ ဘာစီလိုနာအသင်း တက်ရောက်နိုင်မည်ဟု ရေပန်းစားလျက်ရှိသည်။ ဗိုလ်လုပွဲတွင် ဘာစီလိုနာအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။



