မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၅၂,၀၅၁ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၅၇,၁၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးပြီးသော ကုလားပဲစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေး နည်းပညာများ ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် မြေဩဇာစနစ်တကျ ထည့်သွင်းခြင်းများကို တောင်သူ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Jan 08 • 4:37 AM
မြန်မာ
မကွေး
မျှဝေမည်
| 44 | 0 | 0 | 0 |


