၂၀၂၆ ခုနှစ်မှာ စီးပွားရေးအခြေအနေတွေ နှေးကွေးနေပေမယ့် ဘန်ကောက် အရှေ့ပိုင်း အိမ်ခြံမြေဈေးကွက်၊ အထူးသဖြင့် တန်ဖိုးကြီး အိမ်ရာပိုင်းမှာတော့ ရောင်းအားကောင်းနေဆဲ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေစီမံကိန်း တန်ဖိုးစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ ဒီဇုန်မှာ ရှိနေတယ်လို့ သိရပါတယ်။အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) ရဲ့ အချက်အလက်တွေအရ ဘန်ကောက် အရှေ့ပိုင်း ဟာ အရောင်းအဝယ်ဖြစ်မှုနဲ့ တန်ဖိုးပိုင်းမှာ ထိပ်တန်းက ဦးဆောင်နေတာ တွေ့ရပါတယ်။ Bang Na နဲ့ Krungthep Kreetha လို နေရာတွေဟာ ဝယ်လိုအား တည်ငြိမ်ပြီး စီးပွားရေး အတက်အကျ ဒဏ်ကို သိပ်မခံရတဲ့အတွက် Sansiri လို ကုမ္ပဏီတွေက ဒီနေရာတွေကို အန္တရာယ်ကင်းတဲ့ ရင်းနှီးမြှုပ်နှံမှု နေရာတွေအဖြစ် သတ်မှတ်ထားကြပါတယ်။Bang Na ဟာ အရင်ကလို Eastern Economic Corridor (EEC) အတွက် လမ်းကြောင်းတစ်ခု အနေနဲ့သာ မဟုတ်တော့ဘဲ "extended business district" အဖြစ် ပြောင်းလဲလာပါတယ်။ Bangkok Mall လို စီမံကိန်းတွေ၊ နိုင်ငံတကာ ကျောင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပြည့်စုံလာတာကြောင့် ဝင်ငွေကောင်းတဲ့ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းက လူချမ်းသာတွေ အဓိက စိတ်ဝင်စားတဲ့ နေရာ ဖြစ်လာပါတယ်။



