ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန (BMA) က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွက် "Music in the Park" အစီအစဉ် ပြန်လည်စတင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ မြို့ပြပန်းခြံတွေကို ယဉ်ကျေးမှုအချက်အချာနေရာတွေအဖြစ် ပြောင်းလဲပြီး ဒေသခံတွေနဲ့ ခရီးသွားတွေအတွက် အခမဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်ပေးမယ့် တစ်လတာ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ Lumphini, Benjakitti နဲ့ Rama VIII ပန်းခြံတွေ အပါအဝင် ဘန်ကောက်ရဲ့ အထင်ကရ အများပြည်သူ နေရာတွေမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။
ပွဲစဉ်တွေအနေနဲ့ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့ ၁၆:၃၀ အချိန် Vachirabenjatas ပန်းခြံ မှာ Jellyroll Jazz Club က ဖျော်ဖြေမှာဖြစ်ပြီး Rama VIII ပန်းခြံ မှာတော့ Horwang School Band က တီးခတ်မှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၁ ရက် ၁၇:၃၀ အချိန် Lumphini ပန်းခြံ မှာတော့ Royal Bangkok Symphony Orchestra (RBSO) ရဲ့ နာမည်ကြီး နေဝင်ချိန်ဖျော်ဖြေပွဲ ပါဝင်ပါလိမ့်မယ်။ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့ကျရင် Rama VIII ပန်းခြံ မှာ ရိုးရာအိုးစည်တီးဝိုင်းနဲ့ နာမည်ကြီး ခုန်အကတွေကို ကြည့်ရှုနိုင်မှာဖြစ်သလို Benjakitti ပန်းခြံ မှာတော့ ၁၇:၀၀ အချိန်ကစပြီး The 1st April နဲ့ NotFake တီးဝိုင်းတွေက ခေတ်ပေါ်တေးဂီတတွေနဲ့ ဖျော်ဖြေသွားကြမှာလည်းဖြစ်ပါတယ်။



