back

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ တားဆီးရေး ကူညီပေးဖို့ တရုတ်ကို တောင်ကိုရီးယား တိုက်တွန်း

Jan 08 • 2:33 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ တားဆီးရေး ကူညီပေးဖို့ တရုတ်ကို တောင်ကိုရီးယား တိုက်တွန်း

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းကို တားဆီးရေး မိမိကို ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဇန်န...

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းကို တားဆီးရေး မိမိကို ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။မြောက်ကိုရီးယားရဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ တီထွင်ထုတ်လုပ်နေမှုကို အခြေအနေပေးရင် တားဆီးလို့ရနိုင်တယ်လို့ သမ္မတ လီဂျေးမြောင်က ပြောပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ လီရဲ့ ခရီးစဉ်ဟာ တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးရဲ့ ၆ နှစ်တာ အတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အခြေအနေကို ပြန်လည် ပြင်ဆင်လို့ မဖြစ်နိုင်ဘူးလို့ ပြောထားပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ နှစ်များစွာ အတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။

news-view-count-icon

8