စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ တပတ်ကျော်ကြာမြင့်လာပြီး မြို့လုံးကျွတ် သောက်ရေ၊ သုံးရေ၊ ချိုးရေ အားလုံး ပြတ်လပ်နေတယ်လို့ မြို့ခံတွေနဲ့ ရေအကူအညီ ပေးနေသူတွေကပြောပါတယ်။ရက်ကြာရှည် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ရေတင်စက်၊ ရေပိုင်းလိုင်း၊ ရေမော်တာတွေ အပြင် လက်ကိုင်ဖုန်း၊ ဘထ္ထရီ၊ လျှပ်စစ်ထမင်းအိုး စတဲ့ အရာတွေ အသုံးပြုလို့မရတာ တစ်ပါတ်ကျော်ကြာ ရှိလာပြီး သက်ဆိုင်ရာက မီးရအောင် မလုပ်ပေးလို့ ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေတယ်လို့ မုံရွာမြို့၊ မြိူ့သစ်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။လျှပ်စစ်မီးပြတ်တောက်ကာ သောက်ရေသုံးရေ ပြတ်လပ်တာကြောင့် ရေရရှိဖို့အတွက် တုံကင် (လက်နှိပ်)ရေတွင်း ဝယ်ယူတပ်ဆင်တာတွေ၊ ရေတွင်း တူးဖော်တာတွေ လုပ်ကိုင်လာကြပြီး မြစ်နဲ့ နီးသူတချို့ကတော့ မြစ်ဆိပ်ကို ဆင်းကာ ရေသယ်ယူကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Jan 08 • 2:32 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


