back

ထိုင်းနိုင်ငံသို့ သက်တမ်းနှစ် ၁,၂၀၀ ရှိ ရှေးဟောင်းကြေးရုပ်တုများကို အမေရိကန်ပြတိုက်က ပြန်လည်ပေးအပ်

Jan 08 • 2:31 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံသို့ သက်တမ်းနှစ် ၁,၂၀၀ ရှိ ရှေးဟောင်းကြေးရုပ်တုများကို အမေရိကန်ပြတိုက်က ပြန်လည်ပေးအပ်

သက်တမ်းနှစ် ၁,၂၀၀ ရှိပြီဖြစ်သော ရှေးဟောင်းပစ္စည်း ၄ ခုကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ အာရှအနုပညာပြတိုက် (The Asian Art Museum of San Francisco) က ထ...

သက်တမ်းနှစ် ၁,၂၀၀ ရှိပြီဖြစ်သော ရှေးဟောင်းပစ္စည်း ၄ ခုကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ အာရှအနုပညာပြတိုက် (The Asian Art Museum of San Francisco) က ထိုင်းနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးထားသည်။အဆိုပါ ရှေးဟောင်းပစ္စည်းများတွင် အဝလောကီတေသွာရ ဗောဓိသတ္တရုပ်တု ၃ ဆူနှင့် ဗုဒ္ဓရုပ်ပွားတော် ၁ ဆူ တို့ပါဝင်သည်။ ယင်းပစ္စည်းများ ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမျိုးသားပြတိုက်မှာ ပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်တုများကို ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်၊ ပရာခွန်ချိုင်မြို့နယ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၆၄ ခုနှစ်က ပြည်ပသို့ ခိုးထုတ်ခံခဲ့ရသည်ဟု ယူဆရသည်။

news-view-count-icon

30