ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ၂၀၂၆ ဒီဇင်ဘာ ၃၁ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။နေမာဟာ အစောပိုင်းတုန်းက ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဆန်းတို့စ်အသင်းမှာသာ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဆန်းတို့စ်က နေမာရဲ့ ကစားသမားဘဝ အစပြုတဲ့ အသင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီမှာမှ အသင်းကို တစ်ကျော့ပြန်ရောက်ရှိခဲ့တာပါ။လာမယ့် ဖေဖော်ဝါရီမှာ အသက်(၃၄)နှစ်ပြည့်မယ့် နေမာဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာရှိနေတဲ့ကြားက ခွဲစိတ်ကုသမှုပြုလုပ်ဖို့ကို ရွှေ့ဆိုင်းထားကာ ဆန်းတို့စ်အသင်း တန်းမဆင်းရအောင် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
Jan 08 • 2:27 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


