back

တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်၌နတ်ပွဲကာလ ကျေးရွာအချို့တွင် ဖဲထုပ် အဝယ်များပြီး ပစ္စည်းပြတ်

Jan 08 • 2:28 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်၌နတ်ပွဲကာလ ကျေးရွာအချို့တွင် ဖဲထုပ် အဝယ်များပြီး ပစ္စည်းပြတ်

တနင်္သာရီတိုင်းတွင် ‌နတ်ပွဲကာလ လောင်းကစားဝိုင်းများ အဝယ်များနေသဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖဲထုပ်ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ဒေသခံအချို့ကပြော...

တနင်္သာရီတိုင်းတွင် ‌နတ်ပွဲကာလ လောင်းကစားဝိုင်းများ အဝယ်များနေသဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖဲထုပ်ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ဒေသခံအချို့ကပြောသည်။နတ်တော်၊ ပြာသိုလများဖြစ်သည့် ယခုလပိုင်းတွင် ရွာရှင်နတ်ပူဇော်ပသပွဲများ လောင်းလုံးမြို့နယ်ရှိရွာတိုင်းတွင် ကျင်းပလျက်ရှိသည်။ ထိုနတ်ပွဲတွင် လောင်းကစားဝိုင်းများကို ထည့်သွင်းကြခြင်းဖြစ်သည်။နတ်ပွဲများကို ကျောက်တွင်း၊ သကျက်တော၊ ပြင်ချောင်း၊ ရသိမ်၊ ကျောက်ဖြူ၊ ကထိန်ကြီး၊ ကညုံကျွန်း၊ ဝေဒီ၊ တီဇစ်၊ ကရင်ကြီး၊ သဘော့ဆိပ်၊ မောင်းမကန် စသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားကျေးရွာများတွင်လည်း ဆက်လက်ပြုလုပ်ရန်ရှိကြောင်း ဒေသခံများကပြောသည်။နတ်ပွဲလောင်းကစားဝိုင်းများက ရွာရှိဈေးဆိုင်များတွင်ရောင်းချ‌နေသော ဖဲထုပ်များကို လိုက်လံဝယ်ယူနေကြသဖြင့် ပစ္စည်းပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ကြေးကြီးသည့် လောင်းကစားဝိုင်းများက ကြိုတင်ဝယ်ယူထားကြသဖြင့် ‌အပျော်တမ်းဆော့ရန် ဖဲထုတ်ဝယ်မည့်သူများ ဝယ်ယူမရ ဖြစ်နေကြောင်း‌ ဒေသခံတို့ကပြောသည်။

news-view-count-icon

52