ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။တန့်ယန်းမြို့နယ်အတွင်းKTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော ဆိုင်များတွင် မူးယစ်ဆေးများဖြစ်သည့် K ဟု လူသိများသော (Ketamine) မူးယစ်ဆေး၊ E ဟု လူသိများသည့် (Ecstasy)နှင့် Happy Water စသည်တို့ကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်း KTV သို့ ရောက်ရှိခဲ့ဖူးသည့် တန့်ယန်းမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြေသည်။ထိုအနှိပ်ခန်းနှင့် KTV ပေါများမှုကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကျန်းမာရေး ကိစ္စကိုလည်း တန့်ယန်းပြည်သူများက စိုးရိမ်နေကြသည်။တန့်ယန်းမြို့တွင် ၂၀၂၅ ခုနှစ်အတွင် လိင်မှတဆင့် ကူးစက်သည့် HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာကြောင်း တန့်ယန်းမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမများ ပြောပြချက်အရ သိရသည်။ 
Jan 08 • 2:26 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 39 | 0 | 0 | 0 |


