လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပိုက်ဆံအိတ်ကျပျောက်တာ၊ ရွှေဆွဲကြိုးကျပျောက်တာ စတဲ့သတင်းတွေကို နေ့စဉ်နီးပါး တွေ့ရှိနေရပါတယ်။ ပိုင်ရှင်ထံကို ပြန်ပေးတဲ့သတင်းတွေ တွေ့ရသလို ပြန်မရတဲ့သူတွေလည်း ရှိတာတွေ့ရပါတယ်။အဲလို သတင်းတွေကြားထဲမှာမှ ရွှေထည်တွေ အများကြီးကောက်ရထားလို့ ပိုင်ရှင်ဖြစ်သူ ဆက်သွယ်ပေးပါဆိုတဲ့ မော်လမြိုင်က Taxi သမားလေး ကိုအာကာရဲ့ သတင်းပိုစ့်လေးကလည်း စိတ်ဝင်စားစရာဖြစ်လာပါတယ်။ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းထိပ်မှာ လမ်းပေါ်ပြုတ်ကျကျန်နေခဲ့တဲ့ ရွှေထည်ပစ္စည်းတွေကို ရွှေစပါးနှံ Taxi သမားလေး ကိုအာကာက တွေ့ရှိခဲ့ပါတယ်။ရွှေထည်ပစ္စည်းတွေက ရွှေဆွဲကြိုးတစ်ကုံး၊ ဟန်းချိန်းတစ်ခု၊ အခေါက်လက်စွပ်၊ လက်စွပ်၊ ငါးဆွဲသီးနဲ့ ရွှေဘောက်ချာပါတဲ့ဘူးလေးပဲ ဖြစ်ပါတယ်။"ဒီတိုင်းကောက်ရတဲ့ပစ္စည်းဆို ယူလိုက်ကြမှာပဲလေ။ ရွှေတွေလည်း မနည်းဘူးပါတာကိုး။ သူကတော့ ပိုင်ရှင်ကို ရှာပြီး ပြန်ပေးဖို့ ပိုင်ရှင်ကို ရှာတွေ့ဖို့ ကိုမြင့်စိုးကို ပို့စ်တင်ပေးပါဆိုပြီး အကူညီတွေ တောင်းနေတယ်"လို့ ရွှေပိုင်ရှင်ရှာတဲ့ပိုစ့်ကို တွေ့ရှိခဲ့တဲ့ဒေသခံတစ်ဦးက ဆိုပါတယ်။ရွှေဘောက်ချာမှာတော့ မော်လမြိုင်နေရပ်လိပ်စာလို့ ရေးထာတဲ့ ပိုင်ရှင်ဖြစ်သူ မမေဇွန်ပွင့်ဆိုသူ အမျိုးသမီးရဲ့ နာမည်ကို တွေ့ရပြီး မိမိရွှေ၀ယ်ယူထားတဲ့ ရွှေဆိုင်နှင့် မြို့အမည်၊ ရွှေ၀ယ်ယူထားတဲ့ နေ့ရက်နှင့် လကို ပြောရပါမယ်လို့ ပိုစ်မှာ ရေးထားပါတယ်။အပေါ်မှာ ရေးသားထားတဲ့ အချက်အလက်တွေကို တွေ့ပါက ပိုင်ရှင်ကိုယ်တိုင် ရွှေထည်ပစ္စည်းတွေ ကောက်ရထားတဲ့ ကိုအာကာရဲ့ ဖုန်း 09-255700663 ကို ဆက်သွယ်ပေးပါလို့ ဆိုပါတယ်။



