အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူသည့်အခါ နည်းပြအလုပ်ကို လုပ်ကိုင်ရန် စိတ်ကူးမရှိဘဲ ကလပ်အသင်းပိုင်ရှင်အဖြစ်သာ လုပ်ကိုင်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသော်လည်း အနာဂတ်အတွက် ပြင်ဆင်မှုများကို Luzu TV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ကလေးငယ်များအတွက် အခွင့်အရေးများပေးနိုင်မည့် အောက်ခြေအဆင့်မှစတင်သော ကလပ်အသင်းတစ်သင်းကို ပိုင်ဆိုင်လိုကြောင်း ဆိုသည်။ လက်ရှိတွင်လည်း မက်ဆီသည် အသင်းဖော် ဆွာရက်ဇ်နှင့်အတူ ဥရုဂွေးစတုတ္ထတန်းကလပ် ဒီပို့တီဗို LSM ၏ ပူးတွဲပိုင်ရှင်အဖြစ် စတင်ခြေလှမ်းနေပြီဖြစ်သည်။ ထို့ပြင် မေဂျာလိဂ်ရာသီသစ်မတိုင်မီ လီဗာပူးလ်အသင်းသို့ ကာလတိုအငှားဖြင့် သွားရောက်ကစားနိုင်သည်ဟူသော သတင်းများလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်နေပါသည်။
Jan 07 • 6:19 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


