မြန်မာနိုင်ငံသဘင်အစည်းအရုံးက တစ်နိုင်ငံလုံးရှိ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးသဘင်ပညာရှင်ကြီးများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တစ်ဦးလျှင် ကျပ်တစ်သိန်းစီ လစဉ်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိစာရင်းအရ အဆိုပါအသက်အရွယ်အပိုင်းအခြားအတွင်းရှိ ပညာရှင် (၅၃) ဦးရှိပြီး ၎င်းတို့အတွက် "သက်ကြီးသဘင်ဘိုးဘွားရန်ပုံငွေ" ကို သီးသန့်ထူထောင်ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါရန်ပုံငွေအတွက် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဖိုးချစ်က ကျပ်သိန်း (၅၀) မတည်လှူဒါန်းထားပြီး နောက်ပိုင်းတွင် ငွေပဒေသာပင်စိုက်ထူ၍ ရရှိလာသည့်အတိုးဖြင့် လှူဒါန်းမှုပမာဏ တိုးမြှင့်ခြင်းနှင့် အသက်အရွယ်သတ်မှတ်ချက် လျှော့ချခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။
| 47 | 0 | 0 | 0 |


