back

ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများကို ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြုပြီး အထွက်တိုးရေး ဆောင်ရွက်နေ

Jan 07 • 6:29 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများကို ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြုပြီး အထွက်တိုးရေး ဆောင်ရွက်နေ

ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများကို ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြုပြီး အထွက်တိုးရေး ဆောင်ရွက်နေကြောင်း သိရသည်။ဇန်နဝါရီ ၆ ရက်က စွမ်းအင်ဝန်ကြီးဌာ...

ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများကို ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြုပြီး အထွက်တိုးရေး ဆောင်ရွက်နေကြောင်း သိရသည်။ဇန်နဝါရီ ၆ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေသို့ သွားရောက်၍ သုတေသနပြုလုပ်ကာ သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်နေကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များက ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် နည်းပညာများ အသုံးပြု၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၁၉၆၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သည့် ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိသည့် ရေနံမြေတစ်ခု ဖြစ်သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများသည် ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး ယခုအခါ အထွက်တိုးရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍လည်းကောင်း၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားသည်။


news-view-count-icon

41