နိုင်ငံတကာသို့ တင်ပို့နိုင်မယ့် ဆန်မျိုး (ဥပမာ- ဧည့်မထ၊ ပေါ်ဆန်း)စိုက်ပျိုးရမယ့် Rice Export Zoneတွေ စတင် အကောင်အထည်ဖော်ဖို့ရှိတယ်လို့ သိရပါတယ်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်နေသော Rice Export Zone များ စတင် အကောင်အထည်ဖော်ဖို့ရှိပြီး ဧက (၃၄၀,၀၀၀) ဖြင့် စတင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပွဲလုပ်ခဲ့ရာ ဇုန်အတွင်းရှိ တောင်သူတွေကို တစ်ဧကလျှင် (၄၅၀,၀၀၀) နှုန်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု ပံ့ပိုးကူညီမှု အစီအမံတွေ၊ စပါး ပြန်လည်ကောက်ခံ သိမ်းဆည်းရေး မူဝါတွေဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ မြန်မာဆန်စပါးအသင်းချုပ်မှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ အရင်းမပျောက် မတည်ငွေ ကျပ် (၁.၂၅)ဘီလီယံ ထည့်ဝင်မှုဖြင့် စိုက်ဧက (၅,၀၀၀) မှာ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း အသေးစိတ် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ဖော်ပြချက်အရသိရပါတယ်။
Jan 07 • 5:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 89 | 0 | 0 | 0 |


