back

မဒါဂတ်စကာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ ဦး သေဆုံး

Jan 07 • 5:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဒါဂတ်စကာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ ဦး သေဆုံး

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မဒါဂတ်စကာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမ...

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မဒါဂတ်စကာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြို့တော် အန်တာနာနာရီဗိုသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး နေအိမ် ၂၆ လုံး ပျက်စီးကာ လူပေါင်း ၂၇၀ ကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ အာဏာပိုင်များက ဘေးကင်းလုံခြုံမှုမရှိသော အိမ်ဟောင်းများတွင် နေထိုင်သူများကို အမြန်ဆုံးရွှေ့ပြောင်းရန် တိုက်တွန်းထားပြီး လာမည့်ရက်များတွင်လည်း နိုင်ငံအနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ မိုးထပ်မံရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ မဒါဂတ်စကာသည် နိုဝင်ဘာလမှ မတ်လအထိ မိုးရာသီဖြစ်ပြီး နှစ်စဉ် ပြင်းထန်သော ရာသီဥတုဘေးဒဏ်များကို ခံစားရလေ့ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

35