back

ပြည်တွင်း‌၌ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် လက်ရှိတွင် စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိ

Jan 07 • 5:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း‌၌ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် လက်ရှိတွင် စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိ

ပြည်တွင်း၌ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် လက်ရှိတွင် စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိကြောင်း စိစစ်ရေးအ...

ပြည်တွင်း၌ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် လက်ရှိတွင် စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိကြောင်း စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။ဇန်နဝါရီ ၆ ရက်က ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပသည့် စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေထုတ်ချေးရန်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားရေးမူဝါဒများကို ဆောင်ရွက်ရာတွင် ငွေရေးကြေးရေးကဏ္ဍသည် အဓိကပါဝင်လျက်ရှိရာ ပြည်သူများ၏ အပ်နှံစုဆောင်းငွေများဖြင့် နှစ်တို၊ နှစ်ရှည်ကူးသန်းရောင်းဝယ်ရေးချေးငွေ (Commercial) နှင့် MSME ချေးငွေများအပြင် နိုင်ငံတော်ဖွံ့ဖြိုးရေး ရေရှည်ရင်းနှီးမြှုပ်နှံရသော စီမံကိန်းနှင့် မူဝါဒဆိုင်ရာလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ငွေကျပ်သန်း ၁၅၀၀ နှင့် အထက်တင်ပြလာသည့် ချေးငွေလျှောက်ထားမှုများကို စိစစ်နိုင်ရန် “စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေ စိစစ်ရေးအဖွဲ့” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ၂-၈-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင်ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် ချေးငွေအချို့သည် ပြေကျေပြီးဖြစ်ကြောင်းတွေ့ရှိရပြီး ယခုအခါ စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိရာ အဆိုပါစီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေ ၁၁ ခု၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အဖွဲ့အနေဖြင့် သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် ချေးငွေစီမံခန့်ခွဲမှုများကို အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားသည်။

news-view-count-icon

31