back

မြဝတီရှိ ကျားဖြန့်ဂိုဏ်းများ အာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ကမ္ဘောဒီးယားနယ်စပ်သို့ ပြောင်းရွှေ့အခြေစိုက်လာ

Jan 07 • 4:45 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

မြဝတီရှိ ကျားဖြန့်ဂိုဏ်းများ အာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ကမ္ဘောဒီးယားနယ်စပ်သို့ ပြောင်းရွှေ့အခြေစိုက်လာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နှင့် KK Park တို့တွင် အခြေစိုက်ခဲ့သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ထိုင်း၊ တရုတ်နှင့် မြန်မာအာဏာပိ...

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နှင့် KK Park တို့တွင် အခြေစိုက်ခဲ့သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ထိုင်း၊ တရုတ်နှင့် မြန်မာအာဏာပိုင်များ၏ ပူးပေါင်းနှိမ်နင်းမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ မာလိုင်မြို့သို့ ပြောင်းရွှေ့အခြေစိုက်နေကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ဆိုင်ဘာငွေလိမ်မှုတိုက်ဖျက်ရေးဌာန (ACSC) ၏ ထောက်လှမ်းရေးသတင်းများကို ဖော်ပြခဲ့သည်။ အဆိုပါငွေလိမ်ဂိုဏ်းများသည် ပွိုင်ပက်မြို့နှင့် ကီလိုမီတာ ၅၀ အကွာရှိ မာလိုင်ပန်းခြံအနီးတွင် အဆောက်အအုံသစ်များ တည်ဆောက်ကာ လုပ်ငန်းများချဲ့ထွင်နေပြီး တရုတ်နိုင်ငံသားများက ဦးဆောင်၍ ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံသား ဝန်ထမ်းများကို အသုံးပြုကာ ကမ္ဘာတစ်ဝန်းရှိ လူများကို လိမ်လည်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ACSC အနေဖြင့် ထိုင်းပြည်သူများ ပစ်မှတ်ထားခံရမှုမှ ကာကွယ်ရန် နည်းလမ်းများ ရှာဖွေနေပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ယင်းကဲ့သို့သော တရားမဝင်လုပ်ငန်းများကို လက်ခံခြင်းမပြုရန်နှင့် တားဆီးမှုများလုပ်ဆောင်ရန် တိုက်တွန်းထားပါသည်။

news-view-count-icon

14