ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ ကျရောက်သော (၁၅) ကြိမ်မြောက် ဒိုင်းနက် ( ခေါ် )သက္ကမအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။အဆိုပါ အမျိုးသားနေ့ အခမ်းအနားကို မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာ ကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။ပွဲတော်အတွင်း သက္ကမ စာပေ၊ ရိုးရာအစားအစာများနှင့် ဝတ်စားဆင်ယင်မှု ဓလေ့ ထုံးတမ်းများကို ပြတိုက်ငယ်တစ်ခုသဖွယ် ခင်းကျင်းပြသခဲ့သည် ကိုတွေ့ရသည်။ထို့အပြင် သက္ကမရိုးရာအက၊ ရက္ခိုင်ရိုးရာအက၊ မြိုရိုးရာအကများနှင့် အခြားသော တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သက္ကမလူမျိုးများက ဆိုသည်။
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် (၁၅) ကြိမ်မြောက် သက္ကမ အမျိုးသားနေ့ကို စည်ကား သိုက်မြိုက်စွာကျင်းပ
Jan 07 • 4:16 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 54 | 0 | 0 | 0 |


