back

မွန်ပြည်နယ်တွင် ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲသို့ သံဃာတော် ၂,၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုမည်ဖြစ်

Jan 07 • 4:15 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲသို့ သံဃာတော် ၂,၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုမည်ဖြစ်

မွန်ဒေသလုံးဆိုင်ရာ သံဃာတော်များ၏ ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို လာမည့် တပေါင်းလဆန်း ၁ ရက်နေ့မှစပြီး ၃ ရက်နေ့အထိ ပြုလုပ်သွားရန်ရှိပြီး စာမေးပွဲသို့...

မွန်ဒေသလုံးဆိုင်ရာ သံဃာတော်များ၏ ၄၄ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို လာမည့် တပေါင်းလဆန်း ၁ ရက်နေ့မှစပြီး ၃ ရက်နေ့အထိ ပြုလုပ်သွားရန်ရှိပြီး စာမေးပွဲသို့ သံဃာတော် ၂၀၀၀ ဝန်းကျင် တက်ရောက်ဖြေဆိုရန်ရှိဟု ရာမညနိကာယ တာဝန်ရှိသူဆရာတော်တစ်ပါးမှ မိန့်ကြားချက်အရ သိရသည်။ရာမညနိကာယပရိယတ္တိ စာမေးပွဲကြီးကို ယခုနှစ်တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ သာသနာ ၂၅၀၀ ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သည့် ၄၄ ကြိမ်မြောက် စာဖြေပွဲ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။လာမည့် တပို့တွဲလကွယ်နေ့တွင် မွန်ဒေသအသီးသီးမှ သံဃာတော်များ စုပေါင်းရောက်ရှိမည်ဖြစ်ပြီး စာဖြေဆိုမည့် သံဃာတော်စုစုပေါင်း ၂,၀၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ရာမညနိကာယအဖွဲ့ ဒုအတွင်းရေးမှူးဆရာတော်မှ မိန့်ကြားသည်။

news-view-count-icon

40