back

နေပြည်တော်ဗဟိုပြုငလျင်ကြောင့် မန္တလေးအနီးဝန်းကျင်မှလည်း အထိတ်တလန့်ဖြစ်ခဲ့ရ

Jan 07 • 4:14 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်ဗဟိုပြုငလျင်ကြောင့် မန္တလေးအနီးဝန်းကျင်မှလည်း အထိတ်တလန့်ဖြစ်ခဲ့ရ

ငလျင်ကြီး၏နောက်ဆက်တွဲငလျင်တစ်ခုအဖြစ် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့ရာ မန္တလေးမြို့နှင့် အနီးဝန်းကျင်မြို့များ၌လည်း သိသာစွာခံစားရပြီး အထိ...

ငလျင်ကြီး၏နောက်ဆက်တွဲငလျင်တစ်ခုအဖြစ် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့ရာ မန္တလေးမြို့နှင့် အနီးဝန်းကျင်မြို့များ၌လည်း သိသာစွာခံစားရပြီး အထိတ်တလန့်ဖြစ်ခဲ့ကြရကြောင်း ဒေသခံများထံမှသိရသည်။အဆိုပါငလျင်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အနီးဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း မန္တလေးမြို့တောင်ဘက်ခြမ်းရှိ မြို့နယ်များနှင့် တံတားဦး၊ မြစ်ငယ်၊ ပလိပ်၊ စဥ့်ကူး၊ ကျောက်ဆည် စသည့်မြို့များတွင်ပါ သိသိသာသာသိရှိခံစားခဲ့ရသည်။ထိုငလျင်မှာ တောင်မြောက်အလျားလိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မြောက်ဘက်(၉)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၀ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ထုတ်ပြန်ထားသလို ပြည်ပမြေငလျင်စခန်းများမှ ထုတ်ပြန်ချက်မှာ ယင်းထက် ပမာဏပိုမိုခဲ့သည်။မိုး/ဇလမှ ထုတ်ပြန်ထားသည့် ငလျင်နောက်ဆက်တွဲသတင်းများအရ ငလျင်ကြီးဖြစ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ပေါင်း(၂၅၈)ခု လှုပ်ခတ်ထားကြောင်း သိရသည်။

news-view-count-icon

50