ဘုန်းမောက်အသင်းရဲ့နည်းပြ အီရာအိုလာက ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် စပါးနဲ့ပွဲက တောင်ပံကစားသမား ဆယ်မီညိုအတွက် နောက်ဆုံးပွဲဖြစ်လာနိုင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ဒီနေ့ အသက်(၂၆)နှစ်ပြည့်တဲ့ ဂါနာလက်ရွေးစင် တောင်ပံကစားသမား ဆယ်မီညိုဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။မန်စီးတီးအသင်းက ဆယ်မီညိုကို စာချုပ်လျော်ကြေးတန်ဖိုးအတိုင်း ပေါင်(၆၅)သန်းနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ဆေးစစ်မှုပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ဆယ်မီညိုရဲ့ လျော်ကြေးစာချုပ်က ဇန်နဝါရီ(၁၀)ရက်အထိသာ သက်ရောက်မှုရှိမှာဖြစ်တာကြောင့် အဲဒီနေ့မတိုင်ခင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
Jan 07 • 4:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


