ဆောင်းရာသီဝင်လာချိန်မှစ၍ ငွေငန်းဖြူ (whooper swans) အများအပြားသည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့သို့ ဆောင်းခိုရန် လာရောက်ခဲ့ကြသည်။ လက်ရှိတွင် ဆောင်းခိုကျက်စားရန် ရုန်ချိန်မြို့သို့ ရောက်ရှိလာသော ငွေငန်းဖြူအရေအတွက်မှာ အကောင်ရေ ၆,၀၀၀ ကျော်ရှိပြီဖြစ်သည်။ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့သည် ငှက်မျိုးစိတ်များ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်း၏ အရေးပါသော တစ်ထောက်နားခိုရာနေရာဖြစ်သလို အာရှတိုက်၏ ငွေငန်းဖြူများအတွက် အဓိက ဆောင်းခိုကျက်စားရာနေရာများအနက် တစ်ခုလည်းဖြစ်သည်။ ငွေငန်းဖြူအများအပြားသည် နှစ်စဉ် ဆိုက်ဘေးရီးယား စသည့်ဒေသများမှာ ဤနေရာသို့ လာရောက် ဆောင်းခိုကြခြင်းဖြစ်သည်။
Jan 07 • 4:12 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


