back

ထိုင်းနိုင်ငံနှင့် အပစ်အခတ်ရပ်စဲပြီးနောက် ကမ္ဘောဒီးယားစစ်ဘေးရှောင်အများစု နေရပ်ပြန်

Jan 07 • 4:11 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံနှင့် အပစ်အခတ်ရပ်စဲပြီးနောက် ကမ္ဘောဒီးယားစစ်ဘေးရှောင်အများစု နေရပ်ပြန်

ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသည့် ကမ္ဘောဒီးယားနိုင်ငံသားများ၏ ၆၈.၄ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်...

ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသည့် ကမ္ဘောဒီးယားနိုင်ငံသားများ၏ ၆၈.၄ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Touch Sokhak က ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။နေရပ်စွန့်ခွာရသည့် ကမ္ဘောဒီးယားနိုင်ငံသား ၆၄၉,၀၂၃ ဦးအနက် ၄၄၄,၁၇၉ ဦးခန့်က ၎င်းတို့၏နေအိမ်များသို့ ပြန်သွားကြပြီဟု Sokhak က ပြောကြားခဲ့သည်။ "အမျိုးသမီး ၁၀၈,၄၆၆ ဦးနဲ့ ကလေး ၆၆,၈၉၂ ဦး အပါအဝင် လူပေါင်း ၂၀၄,၈၄၄ ဦး စစ်ဘေးရှောင်စခန်းတွေမှာ ကျန်ရှိနေပါတယ်" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ သီတင်းပတ်သုံးပတ်ကြာပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

news-view-count-icon

28