တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ဇနီး ကင်ဟီဂျောင်တို့သည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးခဲ့သည်။ဖုန်လိယွမ်က နှစ်သစ်ကူးအစတွင် ကင်ဟီဂျောင်အနေဖြင့် သမ္မတ လီဂျေမြောင်နှင့်အတူ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ခရီးစဉ်လာရောက်ခြင်းအား ကြိုဆိုခဲ့သည်။ ဖုန်လိယွမ်က နိုင်ငံများအကြား ဆက်ဆံရေးသည် ပြည်သူများရင်းနှီးမှုပင်ဖြစ်ကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံပြည်သူများအနေဖြင့် မကြာခဏ သွားလာဆက်ဆံပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 
တောင်ကိုရီးယားသမ္မတ၏ဇနီး ကင်ဟီဂျောင်နှင့် တရုတ်သမ္မဇနီး တို့ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး
Jan 07 • 4:09 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


