back

မြဝတီမြို့တွင် တစ်ဦးတည်းနေထိုင်သည့် ကုန်ခြောက်သည်အမျိုးသမီးတစ်ဦး ခြေလက်ကြိုးတုတ် ရိုက်သတ်ခံရ

Jan 07 • 4:53 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့တွင် တစ်ဦးတည်းနေထိုင်သည့် ကုန်ခြောက်သည်အမျိုးသမီးတစ်ဦး ခြေလက်ကြိုးတုတ် ရိုက်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဒေါ်မေဆန်း ဆိုသူမှာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဒေါ်မေဆန်း ဆိုသူမှာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် သိရှိရသည်။ သေဆုံးသူမှာ မြဝတီ ဘုရင့်နောင်ဈေးကြီးတွင် ကုန်ခြောက်ရောင်းချသူဖြစ်ပြီး ဇန်နဝါရီ ၃ ရက် နံနက်ပိုင်း ဈေးသွားရန်အထွက်၌ လုပ်ကြံခံရခြင်းဖြစ်နိုင်ကြောင်း ဆွေမျိုးများက ခန့်မှန်းထားကြသည်။ ၎င်းအား နေအိမ်အတွင်း မျက်နှာကို အဝတ်စည်း၊ ခြေလက်များကို ကြိုးဖြင့် နောက်ပြန်တုတ်နှောင်ကာ ဦးခေါင်းအား ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဇန်နဝါရီ ၅ ရက်တွင်မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများသည် သေဆုံးသူ၏ လက်ကိုင်အိတ်အတွင်းရှိ ရွှေနှင့် ငွေကြေးအချို့ကို ယူဆောင်သွားသော်လည်း ဝတ်ဆင်ထားသည့် လက်စွတ်နှင့် ဆွဲကြိုးတို့ကိုမူ ချန်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြဝတီမြို့နယ်ရဲစခန်းမှ တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

46