စင်ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (တနင်္ဂနွေနေ့) တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန်အတွက် ပွဲတော်ကျင်းပရာနေရာသို့ သွားရောက်ရမည့် လမ်းညွှန်ချက်များကို သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ပွဲတော်သို့ City Hall MRT ဘူတာမှတစ်ဆင့် လာရောက်မည့်သူများအနေဖြင့် Exit B (ဘုရားကျောင်းရှေ့) ရှိ ဘတ်စ်ကားမှတ်တိုင်မှ ကားနံပါတ် ၆၁ (သို့မဟုတ်) ၁၆၆ ကို စီးနင်းပြီး ၁၈ မှတ်တိုင်မြောက်ရှိ Opp Yeo’s Bldg မှတ်တိုင်တွင် ဆင်းရမည်ဖြစ်သည်။ ထို့နောက် လမ်းဘေးရှိ ဂုံးကျော်တံတားကို ဖြတ်ကျော်လိုက်သည်နှင့် ပွဲတော်ကျင်းပမည့် Yeo’s Building သို့ ရောက်ရှိမည်ဖြစ်ရာ ပွဲတော်လာ ပရိသတ်များ လမ်းမှားခြင်းမရှိစေရန် ပုံနှင့်တကွ အသေးစိတ် လမ်းညွှန်ပေးထားခြင်း ဖြစ်ပါသည်။

စင်ကာပူရောက် ကရင်တိုင်းရင်းသားများ ၂၀၂၆ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည့်နေရာသို့ လွယ်ကူစွာ သွားရောက်နိုင်ရန် လမ်းညွှန်ချက်ထုတ်ပြန်
Jan 07 • 3:47 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 60 | 0 | 0 | 0 |


