အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၄ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း အရာရှိတစ်ဦးက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ပြီး ပျောက်ဆုံးလျက်ရှိသူများကို ရှာဖွေနေဆဲဟု သိရသည်။ ဇန်နဝါရီလ ၅ ရက်နေ့အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီအူကျွန်းပေါ်ရှိ စီအူ တာဂူလန်ဒန် ဘိုင်အာရိုဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်ဟု ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ နူရီယာဒင် ဂူမယ်လန်က ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၆ ရက်နေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည့် လူလေးဦးကို ရှာဖွေရန် ကယ်ဆယ်ရေးသမား ၁၆ ဦးကို ဖြန့်ကျက်နေရာချထားကြောင်း မစ္စတာ ဂူမယ်လန်က ရို-က်တာကို ပြောကြားခဲ့ပြီး သဘာဝဘေးအတွင်း လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသူတွေ ထပ်ရှိနေမှာစိုးတဲ့အတွက် ဒေသခံတွေဆီက အချက်အလက်တွေ ဆက်လက်ရယူနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။



