လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများ၏ ဈေးနှုန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲကောက်ခံလျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းသစ်များအဖြစ် မော်တော်ယာဉ်နှင့် ထော်လာဂျီများအတွက် ၄၀,၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ်အတွက် ၇,၀၀၀ ကျပ်၊ သုံးဘီးတပ်ယာဉ်အတွက် ၁၀,၀၀၀ ကျပ်နှင့် နောက်တွဲယာဉ်အတွက် ၂၀,၀၀၀ ကျပ်ဟူ၍ အသီးသီးသတ်မှတ်ထားသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ် ၄ သန်းကျော်နှင့် လူစီးမော်တော်ယာဉ် ၆ သိန်း ၄ သောင်းကျော်အပါအဝင် အခြားယာဉ်အမျိုးအစားပေါင်းများစွာ ရှိနေကြောင်းလည်း သိရှိရပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ဈေးနှုန်းသစ်များ ပြောင်းလဲသတ်မှတ်
Jan 07 • 3:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 61 | 0 | 0 | 0 |


