back

ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

Jan 07 • 3:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်...

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့၌ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် နောက်နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကယားနှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် ထပ်မံလျော့နည်းလာနိုင်သဖြင့် အအေးပိုနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

32