ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ (၅) ရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများမှာ ဆိုင်ဝန်ထမ်းများနှင့် ဆီလာရောက်ဖြည့်တင်းသူများ ဖြစ်ကြသည်။ လူနာများကို မအူပင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများက လူနာတင်ယာဉ် ၅ စီးဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရာတွင် လမ်းတစ်လျှောက်ရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ရန်ကုန်အခြေစိုက် အသင်းများက လမ်းကြောင်းရှင်းလင်းရေး ကူညီဆောင်ရွက်ပေးခဲ့သဖြင့် အချိန်မီ ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
မအူပင်မြို့ စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် ဒဏ်ရာပြင်းထန်သူ ၅ ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်
Jan 07 • 3:29 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 24 | 0 | 0 | 0 |


