မန်ယူနိုက်တက်အသင်း၏ နည်းပြသစ်ရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စနာ (Oliver Glasner) က ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။ ၎င်း၏နောက်တွင် ယာယီနည်းပြ ဒါရင်းဖလက်ချာနှင့် ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာတို့က အသီးသီး ရေပန်းစားနေကြသည်။ မန်ယူအသင်းသည် လက်ရှိတွင် ရာသီကုန်အထိသာ တာဝန်ယူမည့် နည်းပြကို ဦးစားပေးရှာဖွေနေပြီး နွေရာသီကျမှသာ ရေရှည်စီမံကိန်းအတွက် နည်းပြသစ်ခန့်အပ်ရန် စဉ်းစားနေခြင်းကြောင့် အချို့သော ဘွတ်ကီဒိုင်များတွင် ဖလက်ချာကို ထိပ်ဆုံးမှ ပေးထားကြသည်။ ဒါရင်းဖလက်ချာသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ဘန်လေနှင့် ပရီးမီးယားလိဂ်ပွဲအပြင် တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် FA ဖလားပွဲတွင်ပါ အသင်းကို ဆက်လက်ကိုင်တွယ်သွားမည် ဖြစ်ပါသည်။
Jan 07 • 3:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


