ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့် ကစားသမားဟောင်း ဖလက်ချာက နည်းပြဟောင်းဖြစ်တဲ့ ဖာဂူဆန်နဲ့ စကားပြောပြီးမှ ယာယီနည်းပြအဖြစ် ဆောင်ရွက်ဖို့ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အသက်(၄၁)နှစ်သာရှိသေးတဲ့ စကော့တလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာဟာ မန်ယူအသင်းမှာ ပွဲပေါင်း(၃၄၂)ပွဲ ကစားခဲ့သူဖြစ်ပြီး ဂန္ထဝင်နည်းပြ ဖာဂူဆန်နဲ့ ဆက်ဆံရေးအကောင်းမွန်ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။မန်ယူအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ဖလက်ချာဟာ ကစားသမားဘဝက အနားယူပြီးနောက် မန်ယူအသင်းမှာ ယူ-၁၆ နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သလို၊ နည်းစနစ်ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။၂၀၂၅ မှာတော့ ယူ-၁၈ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အာမိုရင်မ် ရာထူးက ထုတ်ပယ်ခံရချိန်မှာ ဘန်လေနဲ့ပွဲအတွက် ယာယီနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရတာပါ။
ဖာဂူဆန်နဲ့ စကားပြောပြီးမှ မန်ယူအသင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ဖို့ လက်ခံခဲ့ခြင်းဖြစ်တယ်လို့ ဖလက်ချာ ပြောကြာ
Jan 07 • 3:01 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 69 | 0 | 0 | 0 |


