အာဆီယံ တတိယဆုရ ယူ၁၆ဖူဆယ်အသင်းကိုဆုသိန်း(၇၁၀)ချီးမြှင့်ခဲ့ပြီး Glan Master Futsal League I & II 2025- 26 ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားကို ဇန်နဝါရီ ၆ ရက် (ယနေ့) ညနေပိုင်းက MFF Futsal Stadium မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။Glan Master Futsal League I & II 2025- 26 ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်လာသော တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် ကစားသမားအား လိုက်လံနှုတ်ဆက်ကာ ဖွင့်လှစ်ပေးခဲ့ပြီးနောက် အာဆီယံ ယူ-၁၆ ဖူဆယ် ပြိုင်ပွဲတွင် တတိယ ဆု ရရှိခဲ့သော မြန်မာ့လက်ရွေးစင်ယူ-၁၆ အသင်းကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ယူ-၁၆ အသင်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကျပ်သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်မှ ကျပ်သိန်း(၁၀၀)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း(၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း(၁၀၀)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်မှ ဆုကြေးငွေကျပ် သိန်း (၁၀၀)၊ မိသားစု ပရိဘောဂ လုပ်ငန်း ဦးကျော်မြင့်ဦး၊ ဒေါ်ဖြူဖြူဝင်းမိသားစုမှ ဆုကြေးငွေကျပ် (၁၀)သိန်း စုစုပေါင်း ငွေကျပ် သိန်း (၇၁၀)ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။



