ထိုင်းနိုင်ငံ၊ ဖူးကစ်မြို့၊ ချလောင်ရပ်ကွက်ရှိ အောင်ချလောင်စက်လှေဂိတ်မှာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက် မနက် ၄ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။မီးလောင်မှုကို တာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ စက်လှေဂိတ်မှာ ရပ်ထားတဲ့ ခရီးသည်ပို့ဆောင်ရေး speedboats ရေယာဉ် (၁၀) စီး လောင်ကျွမ်းပျက်စီးသွားတယ်လို့ သိရပါတယ်။အဲဒီ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ ပုဂ္ဂလိကပိုင် ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီပိုင်ဆိုင်တဲ့ စက်လှေဂိတ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ မီးလောင်ကျွမ်းခြင်းအကြောင်းအရင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ထိုင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။



