ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ ပရင်းမှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်တွေများလာတာကြောင့် အိမ်ငှားခနဲ့အခန်းခတွေ စျေးအဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။တနိုင်းမြို့ပေါ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ လုံးချင်းအိမ်တစ်လုံးကို တစ်လ ကျပ်နှစ်သိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း နှစ်သောင်း ရှိရာကနေ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ လုံးချင်းအိမ်တစ်လုံးကို တစ်လကျပ် ငါးသိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း ကျပ်တစ်သိန်းခွဲအထိ မြင့်တက်သွားကြောင်း တနိုင်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။



