back

တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း အနီးရှိ ဆိုင်ခန်းများကို အမြန်ဖယ်ခိုင်းနေ

Jan 07 • 2:57 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း အနီးရှိ ဆိုင်ခန်းများကို အမြန်ဖယ်ခိုင်းနေ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း ပတ်လည်ရှိ တိုက်ခန်းနှင့် ဆိုင်ခန်းများကို အမြန်ဖယ်ရှား ရှင်းလင်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ရှမ်း...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း ပတ်လည်ရှိ တိုက်ခန်းနှင့် ဆိုင်ခန်းများကို အမြန်ဖယ်ရှား ရှင်းလင်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်အစိုးရအဖွဲ့က စာပို့အသိပေးလာကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။ကျောက်တိုင်ကွင်း ပတ်လည်တွင် ဆောက်ထားသည့် ဆိုင်ခန်းနှင့် တိုက်ခန်းများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ ဆောက်လုပ်ရန် ဖယ်ရှားခိုင်းခြင်း ဖြစ်ပြီး ငှားရမ်းထားသော စာချုပ်များကိုလည်း ရပ်စဲလိုက်ကာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်းရန်လည်း ဒုတိယအကြိမ် အသိပေးကြောင်း သိရသည်။ထိုသို့ တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းမှုကြောင့် တိုက်ခန်းတွင် ငှားရမ်း နေထိုင်သူများနှင့် တိုက်ခန်း ဝယ်ယူထားသူများ အခက်ကြုံနေရပြီး နေရာသစ် ထပ်မံ ငှားရမ်းရန် ငွေကြေးအခက်ခဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

news-view-count-icon

39