back

ပဲခူးတိုင်းရှိ သနားခြင်းမယ်တော်ဂူကို ပြန်လည်ပြုပြင်ပြီး ရေစက်ချကောင်းချီးပေးခြင်း ပြုလုပ်

Jan 07 • 2:55 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းရှိ သနားခြင်းမယ်တော်ဂူကို ပြန်လည်ပြုပြင်ပြီး ရေစက်ချကောင်းချီးပေးခြင်း ပြုလုပ်

ပဲခူးတိုင်း၊‎တောင်ငူကက်သလစ်သာသနာ၊ တောင်မြင့်တိုက်နယ်၊ အောင်နန်းချိုကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မယ်တော်ဂူရေစက်ချကောင်းချီးပေးခြင်း ပြ...

ပဲခူးတိုင်း၊‎တောင်ငူကက်သလစ်သာသနာ၊ တောင်မြင့်တိုက်နယ်၊ အောင်နန်းချိုကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မယ်တော်ဂူရေစက်ချကောင်းချီးပေးခြင်း ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့ မနက်မှာတော့ သနားခြင်းမယ်တော်ဂူရဲ့ ကျေးဇူးတင်မစ္ဆားတရားတော်ကြီးမင်္ဂလာတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီ သနားခြင်းမယ်တော်ဂူဟာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကပ်ဘေးကြောင့် ပြိုပျက်သွားခဲ့တာကြောင့် ဒေသခံဘာသာသူတွေနဲ့အလှူရှင်တွေစုပေါင်းကာ ပြိုပျက်သွားခဲ့တဲ့ သနားခြင်းမယ်တော်ဂူကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြတယ်လို့ သိရပါတယ်။ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ သနားခြင်းမယ်တော်ဂူကို တောင်ငူကက်သလစ် သာသနာတော်ရှိ တောင်မြင့်တိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. သိုင်ရွှေလှနဲ့ Fr. စိုးလင်းအောင်၊ Fr. ဘီအနှောင်း၊ Fr. မင်းကျော်သူတို့မှ လာရောက်ရေစက်ချကောင်းချီးပေးခဲ့ကြကြောင်း သိရှိရပါတယ်။

news-view-count-icon

37